အင်္ဂပူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်



MNP -  ဧပြီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်နှင်းစန္ဒာညွန့်မှ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ ပြုလုပ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် တာဝန်ရှိသူများမှ ဌာနဆိုင်ရာအကြီးအကဲများအား စီမံကိန်းတာဝန်များ လွဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာ ဌာနအကြီးအကဲများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အင်္ဂပူမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်နှင်းစန္ဒာညွန့်နှင့် ဝန်ထမ်းများ၊ ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

သတင်း - မန်းကျေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)