ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကွင်းဆင်းကြပ်မတ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး ကွင်းဆင်းကြပ်မတ်ဆောင်ရွက်



MNP - ဧပြီ    ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနှိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ ကာကွယ်ဆေးထိုးစုရပ်များသို့ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်‌ရေးအတွက် ကွင်းဆင်းကြပ်မတ်၍ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ထက်ဝေဖြိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)