မြဝတီမြို့ရှိ ရွှေကုက္ကိုလ်-ထီကော်ထော်-မော်ဖားသူးတောင်ခြေလမ်းပိုင်း ကျောက်လမ်း ၂/၀ မိုင်ပြီးစီး၍ ဒေသခံပြည်သူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့ရှိ ရွှေကုက္ကိုလ်-ထီကော်ထော်-မော်ဖားသူးတောင်ခြေလမ်းပိုင်း ကျောက်လမ်း ၂/၀ မိုင်ပြီးစီး၍ ဒေသခံပြည်သူများ အဆင်ပြေ




MNP  -  ဧပြီ  ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသရှိ တိုင်းရင်းသားဒေသများ လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရန်အတွက် မြဝတီမြို့နယ် အတွင်းရှိ ရွှေကုက္ကိုလ်-ထီကော် ထော်-မော်ဖားသူးတောင်ခြေလမ်း(၂၂/ဝ)မိုင်လမ်းပိုင်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာန(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကျောက်လမ်းအဖြစ် (၂/ဝ) မိုင်ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေကုက္ကိုလ်-ထီကော်ထော်-မော်ဖားသူးတောင်ခြေလမ်း(၂၂/ဝ)မိုင်လမ်းပိုင်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာကာလအတွင်း အကောင် အထည်ဖော်ဆောင်ရွက်ရန် ကျောက်လမ်း(၂/ဝ)မိုင် ခွင့်ပြု ခဲ့ပြီး ဒေါနတံခွန်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီပြီ ဖြစ်၍ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးများစွာ အထောက်အကူပြု လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းအား ဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာပေါင်း ၁၆ ရွာမှ အိမ်ခြေ ၃၅၃၁ အိမ်၊ အိမ်ထောင်စု ၃၅၇၃ စု၊ လူဦးရေ ၂၁၇၄၁ ဦးတို့အတွက် အကျိုး ကျေးဇူးရှိစေပြီး လမ်းတစ်လျှောက် ကျေးရွာများဖြစ်သော ရွှေကုက္ကိုလ်ရွာ၊ ထီကော်ထော်ရွာ၊ သောမရွာ၊ ငှက်ပျောတောရွာ၊ တောင်နီရွာရှိ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ထိန်လင်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)