လားရှိုးမြို့၌ အသက်(၄၀)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအပိုဆောင်း (Booster Doses) ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၌ အသက်(၄၀)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအပိုဆောင်း (Booster Doses) ဆက်လက်ထိုးနှံပေးလျက်ရှိ

 



MNP - ဧပြီ    ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဧပြီ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အသက်(၄၀)နှစ်နှင့်အထက်ရှိသူ မည်သူမဆို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်း(Booster Doses) ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆေးထိုးရပ်များအနေဖြင့် ယခင်ထိုးနှံပေးခဲ့သောနေရာများဖြစ်သည့် လားရှိုးပြည်သူ့ဆေးရုံကြီး ကုတင်(၅၀၀)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ အသက်(၄၀)နှစ်နှင့်အထက်ရှိသူ မည်သူမဆို လာရောက်ကာ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အပိုဆောင်း(Booster Doses) ကို ထိုးနှံနိုင်ပြီး ဆေးထိုးလာသည့်အချိန်တွင် ယခင်ဆေး(၂)ကြိမ်ထိုးထားသော လက်မှတ်ယူဆောင်လာရမည်ဖြစ်ပါသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး(Booster Doses) ကို ဧပြီ(၁၉)မှဧပြီ(၂၁)ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် အသက်(၁၅)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ် ပြည့်ပြီးသူများကိုလည်း Phase 9-Sinovace(First Dose)ကိုလည်း ထိုးနှံပေးမည်ဖြစ်ကာ နောင်မွန်ကျေးရွာအုပ်စုနှင့် နမ့်ပေါင်ကျေးရွာအုပ်စုတို့တွင်လည်း ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဟန်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)