၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များအား လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အချိုရည်နှင့် ဝတ္ထုငွေများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ ဖြေဆိုသံဃာတော်များအား လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အချိုရည်နှင့် ဝတ္ထုငွေများလှူဒါန်း

 






MNP - မေ  ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မြို့တော်ခန်းမ၌ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲကို ဧပြီ(၃၀)နေ့က စတင်ကာဖြေဆိုနေကြောင်း သိရှိရသည်။


အဆိုပါ အစိုးရဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲစာမေးပွဲကို သံဃာတော်၊ သီလရှင်စုစုပေါင်း (၁၈၀)ပါး ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုနေကြသော သံဃာတော်၊ သီလရှင်တို့အား ယမန်နေ့နေ့လည် (၁)နာရီအချိန်က လားရှိုးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အချိုရည်နှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် (၈)မြို့နယ်မှ စာဖြေသံဃာတော်၊ သီလရှင်စုစုပေါင်း(၂၃၁)ပါး စာရင်းပေးသွင်းကြပြီး (၁၈၀)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းလည်း သိရှိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့်စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)