ကမာရွတ်မြို့နယ် Community Centre ၌ လူငယ်များအား ယဉ်ကျေးလိမ္မာစွာ နေထိုင်တတ်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ် Community Centre ၌ လူငယ်များအား ယဉ်ကျေးလိမ္မာစွာ နေထိုင်တတ်စေရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ





MNP - မေ   ၁၃

သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားကို လူငယ်လူရွယ် မောင်မယ်များသို့ ထိတွေ့၊ သိမြင် လက်ခံကျင့်သုံးနိုင်စေရန် မိမိ၏ပတ်ဝန်းကျင်ကို ကောင်းအောင်ဆက်လက် လိုက်နာ နားလည်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၉:၀၀နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေး၊လူငယ် ယဉ်ကျေးလိမ္မာ အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ဦးစီးမှူး ဒေါ်စိမ်းလဲ့က ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပေးခဲ့ပါသည်။

ထို့နောက် စာရေးဆရာမ ပေါက်ပေါက်မက ကလေး၊လူငယ်များကို လူတွင်ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကျင့်ထုံးများကိုလည်ကောင်း၊ ဓလေ့ထုံးစံကျင့်ထုံးများ၊ ယဉ်ကျေးမှု ကျင့်ဝတ်များ ၊ ကိုယ်ကျင့်သီလများကို မိဘဆရာနှင့် အသက်အရွယ်ကြီးသူတို့ထံမှ နည်းခံ ဆည်းပူးလေ့ကျင့်လိုက်နာ ကျင့်သုံးသူသည် လောကီဘဝတွင် ကြီးပွားတိုးတက်နေမည် ဖြစ်ကြောင်း သို့မှသာ ကာယ၊ စိတ္တ ၊ ကျန်းမာချမ်းသာ၍ ပတ်ဝန်းကျင်နှင့် လိုက်ဖက်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ အပြောနှင့်အလုပ် ရှေ့နောက် ညီညွတ်သော စကားကို ပြောဆိုခြင်းအားဖြင့် မိမိအား လေးစားကြည်ညိုသူပေါများကာ ကြီးပွားအောင်မြင်နိုင်သူဖြစ်ပြီး အများအကျိုး ဆောင်ရွက်နိုင်ပြီး ဘဝတွင် နေထိုင် တတ်စေရန် အရေကြီးကြောင်းကို အသိပညာ ဗဟုသုတရစေရန်အတွက် ဟောပြောပေးပြီး ကလေးလူငယ်များနှင့်အတူ သိရှိလိုသော အကြောင်းအရာများကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - စိမ်းလဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)