လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် ၄ နှစ်သင် ပထမနှစ်ဝက် သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် ၄ နှစ်သင် ပထမနှစ်ဝက် သင်တန်းများ စတင်ဖွင့်လှစ်သင်ကြား




MNP - မေ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားရှိသူများနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် သင်တန်း တက်ရောက်ရန် ကျန်ရှိသူများအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ၄ နှစ်သင်ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ နေပြည်တော်နှင့် မှော်ဘီမြို့နယ် တို့မှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် သင်ကြားရေး ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်၍ လက်တွေ့နှင့်သက်ဆိုင်သော ဘာသာရပ်များ၊ ကလေးငယ်များအား ပြန်လည်သင်ကြားမှုပြုသည့်အခါ သင်ကြားပြသ ရမည့် အကြောင်းအရာများ၊ ဆရာ၊ဆရာမများအနေဖြင့် ထားရှိရမည့် စိတ်ဓာတ်နှင့် ခံယူချက်များ အစရှိသည့် အကြောင်းအရာများနှင့် ဘာသာရပ်(၁၄)ခုတို့အား စတင်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများထဲမှ သင်တန်းတက်ရာက်ခွင့် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၄၇)ဦး၊ စုစုပေါင်း(၃၀၇)ဦးတို့အား စတင်၍ သင်ကြားပေးလျက်ရှိပြီး ပထမနှစ် သင်တန်းကို (၁၂.၅.၂၀၂၂) ရက်နေ့မှ (၃၁.၈.၂၀၂၂) ရက်နေ့အထိ ပုံမှန်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်ကြောင်း လှည်းကူးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရသည်။

သတင်း - အေးအေးနွဲ့

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)