ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း အမေရိကန်၏ တရုတ်နိုင်ငံနှင့်ပတ်သက်သော မှားယွင်းသည့် ထုတ်ပြန်ချက်အား အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တုံ့ပြန်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း အမေရိကန်၏ တရုတ်နိုင်ငံနှင့်ပတ်သက်သော မှားယွင်းသည့် ထုတ်ပြန်ချက်အား အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တုံ့ပြန်ပြောကြား


ဝါရှင်တန်၊ မေ ၄ 

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ရုရှားမှ ယူကရိန်းပြဿနာအပေါ် “ဝါဒဖြန့်မှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီနှင့် သတင်းအတုအယောင်” များကို တရုတ်အရာရှိနှင့် မီဒီယာများက ချဲ့ကားဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်ချက်ပြုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မေ ၃ ရက်တွင် သတင်းထောက်မေးမြန်းမှု ဖြေကြားရာ၌ ငြင်းဆိုခဲ့သည်။

ယူကရိန်းအရေးနဲ့ ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မှန်ကန်မျှတပြီး ကျိုးကြောင်းဆီလျှော်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သတင်းအတုအယောင်ဖြန့်ချိမှုနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် မိမိဝေဖန်ဆန်းစစ်သင့်သည်။ နှစ်ပေါင်းများစွာအတွင်း အမေရိကန်က အီရတ်၊ အာဖဂန်၊ ဆီးရီးယားစစ်ပွဲများ စတင်ခဲ့ရာ အရပ်သားပေါင်း ၃၃၅,၀၀၀ သေဆုံးခဲ့သည်မှာ သတင်းအတုအယောင်မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုက ရုရှား-ယူကရိန်းပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရန် ထောက်ခံကြပြီး အခြေအနေအရှိန်မြင့်တက်လာမှုနှင့် အထိန်းအကွပ်မဲ့ ဖြစ်ပွားလာမှုကို မလိုလားကြသည်မှာလည်း သတင်းအတုအယောင်မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယူကရိန်းတွင် အမေရိကန်၏ ဇီဝဓာတ်ခွဲခန်း နှင့် အခြားပူးပေါင်းဆောင်ရွက်မှု အဆောက်အအုံ ၂၆ ခုရှိကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် အမေရိကန်မှ ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်းသို့ တင်ပြသည့် လုပ်ငန်းစာရွက်စာတမ်းတွင် ဖော်ပြထားသည်။ သို့သော် ၂၀၂၂ ခုနှစ် မတ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရွက်စာတမ်းများအရ ယူကရိန်းတွင် အမေရိကန် “ပူးပေါင်းဆောင်ရွက်ရေး အဆောက်အအုံ” ၄၆ ခုရှိကြောင်း သိရသည်။ ၎င်းသည်လည်း သတင်းအတုအယောင်မဟုတ်ပေ။ အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၊ ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်း မူဘောင်အောက်တွင် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းစစ်ဆေးမှုများကို ကြိုဆိုသင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အခြေအမြစ်မရှိပြစ်တင်မှုနှင့် နာမည်ဖျက်အိုးမည်းသုတ်မှုက ပြသနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)