တပ်ကုန်းမြို့၌ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများ/သီလရှင်များအား ဆရာစံရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများ/သီလရှင်များအား ဆရာစံရပ်ကွက် စေတနာရှင်ပြည်သူများက ဆွမ်းဆက်ကပ်လှူဒါန်း



MNP - မေ   ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကျင်းပပေးလျက်ရှိရာ စာမေးပွဲတွင် ပါဝင်သည့်ကြီးကြပ်ဆရာတော်ကြီးများနှင့်စာဖြေ သံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်ပြီးဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများစုပေါင်း၍ မေလ ၄ရက် နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲ (သီလက္ခန္ဓဝဂ္ဂ-၂)ဘာသာရပ်တွင် စာရင်းရှိစာဖြေရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၂၃၇)ပါး၊ ဝင်ရောက်ဖြေဆို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၁၉၇)ပါး၊ ပျက်ကွက်ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၄၀)ပါး၊ ဖြေဆိုသည့်ရာခိုင်နှုန်း(၈၃.၁၂)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်ဌာနဆိုင်ရာများ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ရက်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့်အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)