မအီမြို့တွင် မော်တော်ယာဉ်(၂)စီး အရှိန်လွန်ယာဉ်တိုက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မော်တော်ယာဉ်(၂)စီး အရှိန်လွန်ယာဉ်တိုက်မှုဖြစ်ပွား

 







MNP  ၊  မေ  ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၂)ရပ်ကွက်နှင် အမှတ်(၃)ရပ်ကွက်ကြားမှ ဖြတ်သန်းလျက်ရှိသည့် ရန်ကုန် - ကျောက်ဖြူ လမ်းပိုင်း မိုင်တိုင်အမှတ်(၄၃)မိုင် (၁)ဖာလုံအနီးတွင် ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်(၂)စီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါသတင်းရရှိသဖြင့် မအီနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကျော်မင်းထွန်းမှ သက်သေများအဖြစ် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို နှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးတို့လိုက်ပါလျက် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာရိုးမမဏ္ဍိုင်မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းထွန်းတင် အသက်(၅၂)နှစ်၊ (ဘ)ဦးအောင်သာထွန်း၊ ရခိုင်/ဗုဒ္ဓ၊ သိမ်တောင်ရပ်ကွက်၊ တောင်ကုတ်မြို့တွင်နေထိုင်သူမှ  ယာဉ်အမှတ် 2P - 7786 (ZHONG TONG)အမျိုးအစား(လိုင်စင်ရှိ)ယာဉ်အား ရမ်းဗြဲမြို့မှ တောင်ကုတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် တောင်ကုတ်ဘက်မှ စစ်တွေမြို့သို့ ယာဉ်မောင်းဦးမျိုးနိုင် အသက်(၃၈)နှစ်၊ (ဘ)ဦးကျော်ကျော်၊ ဗမာ/ဗုဒ္ဒ၊ ပျဉ်းမနားမြို့၊ နေပြည်တော်တိုင်းဒေသကြီးတွင်နေထိုင်သူ မောင်းနှင်လာသော ယာဉ်အမှတ် 5B - 4729 (NISSAN)အမျိုးအစား(၁၂)ဘီးကုန်တင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ရောက်ရှိကာ ကား၏ဝဲဘက်ခြမ်းကိုတိုက်မိခဲ့သဖြင့် ယာဉ်အမှတ် 2P - 7786 ယာဉ်၏ ရှေ့လေကာမှန်ကွဲကြေ၍ ကာလတန်ဘိုးငွေ(၂၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး 5B - 4729 ယာဉ်တွင် ယာဉ်၏ဝဲဘက်ခြမ်းပိန်ချိုင့်သွား၍ ကာလတန်ဘိုးငွေ(၅၀၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဖော်ပြပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့်ခရီးသည်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ကား(၂)စီးလုံးတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရသဖြင့် ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူ ထွန်းတင်(၅၂)၊ (ဘ)ဦးအောင်သာထွန်းအား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ်ကျော်မင်းထွန်းက တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် မအီနယ်မြေရဲစခန်းမှ အမြန်ဆုံးတရားစွဲဆိုသွားနိုင်ရေးအတွက် ယာဉ်(ဝ)၄/၂၀၂၂ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရအမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ဒုရဲအုပ်ကျော်မင်းထွန်းက လက်ခံစစ်ဆေးလျက်ရှိကြောင်း မအီနယ်မြေရဲစခန်းကသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)