MNP ၊ မေ ၁၄
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ စေတီတောင်ကျောင်းရှိ ဗောဓိရွှေညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ ညနေ ၅ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို အမျိုးသမီးရေးရာအဖွဲ့များ၊ တောင်ရင်းတန်းရပ်ကွက်မှအပျိုလူပျို များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဓမ္မစင်္ကြာ ဝတ်ရွတ်အဖွဲ့များက စေတီယဂ်ဏ ကျောင်းဆရာတော် ဦးပညာသာမိ
ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်ဘုရား၏ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူခဲ့သည်။ ဧည့်ပရိတ်သတ်များက ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြခဲ့ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ထိုနောက် ဗုဒ္ဓဘုရားရှင်၏ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိရွှေညောင်ပင်အား အမွှေးနံသာရည်တို့ဖြင့် ပက်ဖျန်းကာ ကဆုန်ညောင်ရေများသွန်းလောင်းပူဇော်ခဲ့ကြကြောင်းနှင့် ထိုသို့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ရသေ့တောင်မြို့ ကံကြီးသာ စည်ရပ်ကွက်၊ မူလတောကျောင်းတိုက်ရှိ ဗေဓိရွှေညောင်ပင်၌လည်း စည်ကားသိုက် မြစ်စွာ သွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost






No comments:
Post a Comment