အမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှုခဲ့သော စာအောင်သံဃာတော် လူပုဂ္ဂိုလ်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှုခဲ့သော စာအောင်သံဃာတော် လူပုဂ္ဂိုလ်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ



MNP - မေ   ၁၄


ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အမ်းမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲ (မှု၊ ငယ်၊ လတ်) အောင်မြင်တော်မှုခဲ့သော စာအောင် သံဃာတော်များအား စူဠဘွဲ့ အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေ အချိန်က အမ်းမြို့ အမှတ်(၃) ဈေးရပ်ကွက် ဓာတ်ပေါင်းစုစေတီတော် ဓမ္မာရုံတော်ကြီး၌ ကျင်းပခဲ့သည်။


ရှေဦးစွာ အခမ်းအနားတက်ရောက် လာကြသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဘုရားကန်တော့ကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ပဏ္ဏိတာရာမ စာသင်တိုက် ပဓာနနာယက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္ဒဝဏ္ဏိတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။


ထို့နောက် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်အား ချီးမြှင့်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ပထမငယ်တန်း စာအောင်အမျိုးသမီးလူပုဂ္ဂိုလ် (၁)ဦး၊ အခြေပြု မူလတန်းစာအောင်သံဃာတော်(၅)ပါးနှင့် အမျိုးသမီးလူပုဂ္ဂိုလ် (၂)ဦးတို့အား စူဠဘွဲ့အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများအား ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


ဆက်လက်၍ အမ်းမြို့နယ် ထေရဝါဒသာသနာပြု ကိုးကန်တန်း (ဗဟို)ကျောင်း မြို့နယ် ပထမပြန် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒဝံသ၊ သာသနတက္ကသီလဓမ္မာစရိယ BA (Buddhism) ဆရာတော်မှ ဝမ်းမြောက်နုမော်ဩဝါဒကထာ မိန့်ကြားခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာ တရားတော်မြတ်အား ဟောကြားချီးမြှင့်ခဲ့ကာ ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)