မာန်အောင်မြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်








MNP ၊ မေ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ၌ကဆုန်လပြည့်(ဗုဒ္ဓနေ့) ယနေ့နံနက်ပိုင်းတွင်ဂန္ဓဗ္ဗမြေနီတောင်ပေါ်ရှိမဟာဗောဓိညောင်ပင်အားညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့်ညနေ၅နာရီတွင်မြို့ပေါ်ရပ်ကွက်ရှိ ဓာတ်တော်စေတီတော်နှင့်ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်များအား မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာများနှင့်အညီ ရိုးရာမပျက်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ရာတွင်မိမိအစီအစဉ်ဖြင့်လည်းကောင်း၊မိသားစု၊အပေါင်းအသင်း၊အဖွဲ့လိုက်လည်းကောင်း ပူဇော်ကြရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစု ဓမ္မစကြာရွတ်ဖတ်အဖွဲ့က ရန်အောင်မြင်စေတီတော်ဝင်းအတွင်းရှိမဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)