မောင်တောမြို့၌ ဒေသခံပြည်သူများ စည်းကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ဒေသခံပြည်သူများ စည်းကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်း











MNP ၊  မေ  ၁၄

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌ ရပ်ကွက်(၁) နှင့် ရပ်ကွက်(၄)အတွင်းရှိ ဘုန်း တော် ကြီး ကျောင်းဝင်း အတွင်း၌ ယနေ့ ညနေ (၅)နာရီ အချိန်ခန့်က ဒေသခံပြည်သူများ ဦးဆောင် ကာ ဗုဒ္ဓဘာသာ ဝင် များ အထွက် အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်း ပွဲ ကို  စည်းကား သိုက် မြိုက် စွာ ကျင်းပ ခဲ့သည်။ 

ရှေးဦးစွာ ကဆုန်ညောင်ရေသွန်းလောင်းဖွင့်ပွဲတွင် ကျောင်းထိုင်ဆရာတော် နှင့် တကွ နမောတဿ သုံးကြိမ် ရွက် ဆို၍ အခမ်း အနားကို ဖွင့်လှစ်ပြီး မြို့ဦးကျောင်းထိုင်ဆရာတော်ကြီး က ငါးပါးသီလ ချီးမြှင့်ကာ ကဆုန် ညောင်ရေ သွန်းလောင်းခြင်း နှင့် ပတ်သတ်၍ဩဝါဒကထာ မိန့်ကြား သည်။ ထို့နောက် အရှေ့၊ တောင်၊ အ နောက်၊ မြောက် အရပ်တို့မှ  နတ်မင်းကြီး ပြန်တမ်း ဖတ်ကြား ခဲ့ သည်။ 

ယင်း နောက် ဗြဟ္မာ အမျိုးသား ၊ နတ် အမျိုးသား ၊နဂါး အမျိုးသား ၊ ဂဠန် အမျိုးသားတို့က ဇယော်ဟိ ဗုဒ္ဓဿ သီရိမ တောအယံ ဂါထာ  နှင့်   ဇယန္တောဗောဓိယမူလေ ဂါထာတို့ကအား ကို သုံးကြိမ် ရွက်ဆို ပူဇော် ခဲ့ ပြီး အမျိုးသမီးငယ်များ အဖွဲ့ကလည်း ဗောဓိညောင်နန်းကဗျာ နှင့် ရွန်းပညောင်ရေကဗျာတို့ အား ယင်းသို့ သုံးကြိမ် ရွက် ဆိုကာ ကဆုန်ညောင်ရေသွန်း လောင်းပွဲကြီးကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အဆိုပါ မောင်တောမြို့ ကဆုန် ညောင်ရေသွန်း လောင်း ပွဲတွင် ညောင်ရေသွန်းလောင်းသည့် ဒေသခံ အမျိုးသား၊ အမျိုး သမီး တို့အား အလှူရှင် များက အချို ရည်များဖြင့် ဒါနပြုတိုက်ကျွေးခဲ့ပြီး အလားတူ ဗဟိုလ်ကျောင်းတိုက် ၊ အောင်ဗလကျောင်းတိုက် နှင့် အောင်မြေ ဗောဓိရွာအတွင်းရှိ ဗောဓိပင်တို့တွင်လည်း ထိုကဲ့သို့ စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်းသိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)