ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီသင်တန်းဖွင့်ပွဲကျင်းပ



MNP ၊ မေ ၁၃

 ဘူးသီးတောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အခြေခံပန်းချီသင်တန်းဖွင့်ပွဲကိုယမန်နေ့နံနက်( ၁၀)နာရီအချိန်ကကျင်းပကြောင်းသိရသည်။

 အဆိုပါ သင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်အေးအေးအောင်ကကျောင်းသား/ ကျောင်းသူများအနေဖြင့်နွေရာသီကျောင်းပိတ်ရက်များတွင်အကျိုးရှိစေရန်အတွက်အခြေခံပန်းချီပညာသင်တန်းကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊အခြေခံပန်းချီပညာရပ်ကိုကြိုးစားသင်ယူကြားရန်၊ ဆရာမှသင်ကြားချိန်တွင်အချိန်ကိုအထူးအလေးထားသင်ယူကြရန်နှင့်ပန်းချီရေးဆွဲခြင်းမှာစိတ်တည်ငြိမ်မှုရှိပါကြောင်း

ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့်ဘဝကိုအောင်မြင်နိုအောင်သင်ကြားရသည့်ပညာရပ်တိုင်းကို ကြိုးစားသင်ယူကြရန်ပြောကြားပြီး သင်တန်းနည်းပြဖြစ်သူ ပန်းချီဆရာ ဦးလှချို က သင်တန်းတွင် သင်ကြားပို့ချပေးမည့်အခြေခံပန်းချီပညာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 အဆိုပါအ ခြေခံပန်းချီပညာအား(အခမဲ့)သင်ကြားပို့ချသွားမည်ဖြစ်ပြီးသင်တန်းသား/ သင်တန်းသူ(၁၅ )ဦးတက်ရောက်သင်ကြားလျှက်ရှိရာသင်တန်းကာလမှာမေလ( ၁၂)ရက်နေ့မှ( ၂၀)ရက်နေ့ထိ( ၉)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - လှကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)