MNP ၊ မေ ၁၃
NLD ပါတီ၏ မဲလိမ်မဲခိုးမှုများကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူ၍ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသော NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမား တိုင်းတပါးလက်ပါးစေ သာသနာဖျက် ပြည်ဖျက်မိစ္ဆာများ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် ၄၃ ပါးအထိ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းမှန် ပြန်ကြားရေး က "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့အစည်းများမှ သံဃာတော်များအား အကြမ်းဖက်သတ်ဖြတ်ကျူးလွန်ခဲ့သည့် အရေအတွက်မှာ - သတ်ဖြတ်ခံရမှုသံဃာ ၄၃ ပါး ၊ ဒဏ်ရာရရှိသံဃာ ၇ ပါး၊ ပျောက်ဆုံးသံဃာ ၅ ပါး၊ စုစုပေါင်း ၅၅ ပါး ဖြစ်ပါသည်။" ဟု ထုတ်ပြန်ပြောဆိုထားသည်။
၁၁-၅-၂၀၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒသေကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေသော ကန့်ဘလူမြို့နယ်မှ မှော်တော်ကျေးရွာမှ ဆရာတော်ဦးဝါသနှင့် ဆက်သွယ်မေးမြန်းရာ " သံဃာတော်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဒီအရေအတွက်က နိုင်ငံတော်အစိုးရ သိတဲ့ စာရင်းသာ ဖြစ်ပါတယ်။ လူမသိ သူမသိ စာရင်းမပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရတာတွေလည်း များစွာ ရှိပါတယ်။" ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောဆိုထားသည်။
NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒရုန်းဖြင့် ဗုံးချဖောက်ခွဲခြင်း၊ ဘုန်းတော်ကြီးကျောင်းအတွင်း ဝင်ရောက်၍ သံဃာတော်များကို သတ်ဖြတ်ကာ ကားနှင့် ငွေကြေးပစ္စည်းများကို ယူဆောင်ခြင်း ကဲ့သို့သော ဓားပြမှုများကိုလည်း ကျူးလွန်ခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment