ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပိုင်ကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




MNP - ဇွန်   ၁၉


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပိုင်းကျုံမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လှိုင်းဘွဲ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြကာ ဆန်၊ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ထို့နောက် အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ်လိုအပ်မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အထက်ပိုင်ကျုံကျောင်းသစ် ပိုင်ကျုံချောင်း ကမ်းပြိုကာကွယ်ရေးနှင့် မြစ်ကမ်းထိန်းနံရံ တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ငွေကျပ် ၃ သိန်းကိုထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့၊ ပရဟိတမြို့မသာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မသီရိအား သွားရောက်ဖူးမြော်ကြည်ညို၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားလျက်ရှိသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ကျောင်းသူ ၂၀ ဦးအတွက် ဆန်ဘိုးထောက်ပံ့ငွေ ၂၈၅၀၀၀၀(နှစ်ဆယ့်ရှစ်သိန်း ငါးသောင်းကျပ်)နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းအသင်းတော်သို့ သွားရောက်ပြီး ဆရာတော်စိုးလယ်၊ ကျမ်းစာကျောင်းလက်ထောက်ဆရာတော်နှင့် ဂေါပကအဖွဲ့များအား ဂါရဝပြုတွေ့ဆုံ၍ ဆန်၊ ဆီ အစရှိသော လက်ဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ကာ ကရင်နှစ်ခြင်း အသင်းတော်ဘုရားရှိခိုးကျောင်းနှင့် ဘားအံ- မော်လမြိုင်သာသနာနယ် ကျမ်းစာသင်ကျောင်းတို့အား ဆက်သွယ်သည့်လမ်းကို ကွန်ကရစ်ခင်းနိုင်ရေး ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပိုင်ကျုံမြို့ပြည်သူဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစားများ ထောက်ပံ့ပေးအပ်ကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ နှင့်ငွေကျပ်တစ်သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)