မိုးရာသီတွင် မျိုးစပါးများဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနှစ်ဖြင့်ပျိုးထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးရာသီတွင် မျိုးစပါးများဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနှစ်ဖြင့်ပျိုးထောင်ခြင်း တောင်သူပညာပေးကွင်းလက်တွေ့ပြသ

 


MNP - ဇွန်   ၁၉


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ကော့နွဲကျေးရွာ အကျိုးဆောင်တောင်သူဦးဖုန်းမြင့်၏လယ်မြေ၌ တောင်သူများအား မျိုးစပါးဆားရည်စိမ်ခြင်းနည်းပညာနှင့် ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ခြင်း အသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းလက်တွေ့ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကော့ကရိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဒေါ်နော်သူးလေထီးက ဓါတ်မြေသြဇာဈေးနှုန်းမြှင့်တက်နေမှုတို့ကြောင့် သဘာဝမြေသြဇာပြုလုပ်သုံးစွဲကြရေး၊ ကော့ကရိတ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးသန်းကိုက မြေသြဇာများအား စပါးပင်သက်တမ်းအလိုက် စနစ်တကျသုံးစွဲတက်ရေး နည်းပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးချစ်ခိုင်က ဘောင်ပျိုးစနစ်စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများ၊ ပြည်နယ်စိုက်ပျိုးရေးမှတာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြသည်။


ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများသည် မျိုးစပါးဆားရည်စိမ်ခြင်းနှင့် ဘောင်စနစ်ဖြင့်ပျိုးထောင်ခြင်းတို့အား လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။ အဆိုပါတောင်သူပညာပေးနှင့် ကွင်းလက်တွေ့ပြသပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာနတို့မှ တာဝန်ရှိဝန်ထမ်းများနှင့် အကျိုးဆောင်တောင်သူ (၃၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)