ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

 




MNP - ဇွန်   ၁၉


ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စေရေးအတွက် ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်များကို တိုးချဲ့စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ စားသုံးဆီနှင့် စက်သုံးဆီများကို ခြိုးခြံချွေတာ သုံးစွဲနိုင်ရေး၊ ငါးရစ်တက်ချိန်တွင် ငါးဖမ်းဆီးခြင်းမပြကြရန်နှင့် ရေချိုငါးလုပ်ငန်းဥပဒေဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ပန်းခင်းစီမံချက်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ဆိုင်ရာ ကိစ္စရပ်များ၊ အားက စားဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဆို၊ က၊ရေး၊တီး ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး  ယခင်လအစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြကာ အခမ်း


အနားသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ဒေသဖွံဖြိုးရေးဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက် ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)