MNP ၊ ဇွန် ၂၃
သထုံခရိုင်၊ ဘီးလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာရှိ တောင်သူ ဦးသူရ၏ ကွင်းအမှတ် (၂၀၆-က)လယ်မြေ (၄) ဧက၌ ကွင်း သရုပ်ပြသခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြအပွဲ ခမ်းအနားတွင် သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်က ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့်တောင်သူများက သိရှိလိုသည်များကိုမေးမြန်ခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည် ဖြေကြားပေးခဲ့သည်။
ယင်းနောက် သထုံခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဖိတ်ကြားထားသော တောင်သူများအား ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုများကို လေ့လာကြည့်ရှုစေခဲ့ကြောင်း သိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment