မအီမြို့တွင် တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ




MNP ၊ ဇွန်  ၂၃

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲအခမ်းအနားကို မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ စံကောပြင်ကွင်းရှိ တောင်သူ ဉီးမင်းလွင်ပိုင် စိုက်ခင်းတွင် ယနေ့နံနက် ၁၁ ၀၀ နာရီအချိန်က စိုက်ပျိုးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို တောင်ကုတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မိုးမင်း က တိရိစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် တိရိစ္ဆာန်များအတွက်လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက် ကျွေးမွေးပြီး တိရိစ္ဆာန် နှင့် တိရိစ္ဆာန် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မှု မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာရပြည့်ဝသော အစားအစာများကိုရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် တောင်သူများအတွက် စီးပွားရေးလုပ်ငန်းဖြစ်သည့်အလျောက် အစာဖိုးကုန်ကျစရိတ်မှာ မွေးမြူရေးလုပ်ငန်းအတွက် အမြင့်ဆုံးကုန်ကျစရိတ်ဖြစ်ပြီး အစာဖိုးကုန်ကျစရိတ်ကို သိသာစွာလျှော့ချပေးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တောင်သူဦးမင်းလွင်၏ စိုက်ခင်းတွင် တေဘူးယန်းနေဗီယာမြက် (၁)ဧကစိုက်ခင်းကို ရောက်ရှိလာကြသည့် တောင်သူများနှင့် ဝန်ထမ်းများက လူထုလှုပ်ရှားမှုပုံစံဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြသည်။

ဖော်ပြပါ စိုက်ပျိုးပွဲသို့ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မအီမြို့ပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ စုစုပေါင်းအင်အား (၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါ စိုက်ပျိုးပွဲအခမ်းအနားကို တောင်ကုတ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ကြီးမှူးစီစဉ်‌ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)