ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကဆန်ချောင်းရေတိုက်စားမှု ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကဆန်ချောင်းရေတိုက်စားမှု ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့်မချမ်းဘော့မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်










MNP - ဇွန်   ၁၉


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦး တိန့်ဆောင်သည်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၇)ရက်က နောင်မွန်းမြို့နယ်အတွင်းရှိ ကဆန်ချောင်းရေတိုက်စားမှု အ‌ခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် နောင်မွန်း-မချမ်းဘော့-ပူတာအိုကားလမ်းမကြီးဘေး ကဆန်ဒမ်းနှင့်ရပ်ဘော့ကျေးရွာကြား၊ ရပ်ဘော့နှင့်တဆယ်ထုကျေးရွာကြားတို့တွင် ကဆန်ချောင်း ရေတိုက်စားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကားလမ်းဘေးတိုက်စားထားခြင်းဖြစ်သောကြောင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းရေး ကန့်သတ်အမှတ်အသားများ ပြုလုပ်ထားရှိရေးတာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်စွန့်ကန်ဆောင်ရွက်သွားမည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး မြို့မဈေးတွင် ပြည်သူများလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေမှုနှင့် ဈေးခြံစည်းရိုးကာရံနိုင်ရန်ရေး ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့ ဂူဘားရိပ်သာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် မချမ်းဘော့မြို့ မလိခတံတား(မချမ်းဘော့)အနီး မန်ဂျန်ရှားပင် စိုက်ခင်း(ဝ.၅၀)ဧကတွင် မန်ဂျန်ရှားပင်(၂၅၀)ပင် စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက စိုက်ပျိုးထားသည့် အပင်များရှင်သန်နိုင်ရေး ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ရေး မှာကြားသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာဧည့်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် အထက်နမ့်ထွမ်‌ရေအားလျှပ်စစ်စက်ရုံမှ ပူတာအို/မချမ်းဘော့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)