သူနာပြုသိပ္ပံဘွဲ့ (၅/၂၀၂၂ )သင်တန်း ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူနာပြုသိပ္ပံဘွဲ့ (၅/၂၀၂၂ )သင်တန်း ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း




MNP - ဇွန်   ၁၉


မန္တလေးတိုင်း‌ဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၅လမ်းနှင့်၁၀၆လမ်းကြား၊ ၆၂ လမ်းရှိ သူနာပြုတက္ကသိုလ် (မန္တလေး) ပထမနှစ်သူနာပြုသိပ္ပံဘွဲ့ (၅/၂၀၂၂) သင်တန်းကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံ/နယ်ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သူနာပြုတက္ကသိုလ်ပါမောက္ခချုပ် မဒေါက်တာ ခင်စိန်ဝင်းနှင့် ဒု-ပါမော က္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ မောင်မယ်သစ်လွင် ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနားတွင် မောင်မယ်သစ်လွင်ကျောင်းသား/သူ များမှ ကရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အမှာစကားပြောကြားပြီး ထောက်ပံ့ငွေများအားပေး အပ်ခဲ့ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ဆက်လက်ပြီး မောင်/မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းကို ကျောင်း သား/သူကိုယ်စား မခင်ဝသုန်ဦးကလည်း‌ကောင်း၊ ပထမနှစ်ကျောင်းသား/သူများ ကိုယ်စားကျေးဇူးတင်စကားပြောကြားခြင်းကို ပထမနှစ်ကျောင်းသား မောင်ဝဏ္ဏကျော်ကလည်းကောင်း ပြောကြားခဲ့ပြီး မန္တလေးမြို့တော်ဝန်ဦးကျော်ဆန်းမှ ဆုငွေ (၁၅) သိန်း ချီးမြှင့်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသည့်ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်စိမ်းဝင်း  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)