ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကမျွမ်လိပ်ဥကုန်း ဘုရားကြီးဝန်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက္ကမျွမ်လိပ်ဥကုန်း ဘုရားကြီးဝန်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 


MNP - ဇွန်   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန် မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆိုသောအားဖြင့် "ဘုရားကျောင်းကန်စေတီရံလည်း သစ်ပင်ရှိမှ ပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါ ဘုရားကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရာတွင် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ပျိုးပင်များအား တာဝန်ရှိသူများထံ ပေးအပ်ပြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကျွန်းပင် (၁၀၀)၊ မဟော်ဂနီပင် (၁၀၀)၊ မာလာလူးကားပင် (၁၀၀)၊ မန်ဂျန်းရှား (၂၀၀)ပင် စုစုပေါင်း ပျိုးပင်(၅၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)