မိုင်းလုံမြို့တွင် အခြေခံပညာအဆင့် ကျောင်းသား/သူများအား Vero Cell ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းလုံမြို့တွင် အခြေခံပညာအဆင့် ကျောင်းသား/သူများအား Vero Cell ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး



MNP - ဇွန်   ၂၀


ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ သူ(၄၀၂)ဦးအား Vero Cell ကာကွယ်ဆေးများကို (ပထအကြိမ်)အဖြစ် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်ခန့်က  ကျောင်းသား/သူများအား  ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကျောင်းသား၊ကျောင်သူများ ကျောင်းတက်ချိန်တွင် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် ပညာသင်ကြားနေရသောကြောင့် အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်နှင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍  ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီ Vero Cell  ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား (၁၅)မိနစ်ခန့် သီးသန့်အခန်းတွင် ထားရှိစောင့်ကြည့်ပြီးမှ မိမိအခန်းတို့ပြန်သွား‌စေကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သောင်းထွဋ်လင်းနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ် လက်ထောက်ပညာရေးမှူး ဒေါ်ရွှေရီဝင်း ၊ ကျောင်းအုပ်ဆရာ/မများ  ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရာတွင် မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာ ရေးကြီးကြပ်-၁ ဦးမြစိုးက ဦးဆောင်၍ ဆရာမများက တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)