မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး



MNP ၊  ဇွန်  ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်   မြို့နယ် မီးသတ် ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ ဝင်များ ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ  မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များတွင်  မီးဘေးလုံခြုံရေး ၊ မီးကို စနစ်တကျ သုံးစွဲကြရေး ၊ ဆေးလိပ်သောက်သုံးသူများအနေဖြင့် ဆေးလိပ်မီးကို စနစ်တကျမီးငြိမ်သတ်စေရေး ၊ မီးဘေး မပေါ့ကြစေရန် နှင့် ဈေးအတွင်း မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်း သတ် ဆေးဘူးဖြင့်  စနစ်တကျ ဖြင့် မီးငြိမ်းသတ်မှုများ ၊ ဈေး အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက်  မီးချိတ် ၊မီးကပ်များ ကြံ့ခိုင်မှုရှိ/မရှိ ၊  မီးသတ်ဆေးဘူးများတွင် (လေပေါင်)ရှိ/မရှိ ၊  သဲ အိတ် များ ၊ရေပုံး၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေး ဘူးများအား အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်သင့် ဆောင် ရွက် ထားရှိရေး ၊ မီးသတ် ဆေး ဘူး များ ဟောင်း နွမ်း နေပါက အသစ် လဲလှယ်စေရေး ၊ ရေစုကန် များအတွင်း ရေလုံ လောက် စွာရှိ/မရှိ ၊ အပေါ့စားရေစုပ် အား ကောင်း/ မကောင်း စစ်ဆေးပြီး ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ် ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)