ဘူးသီးတောင်မြို့နယ်ရှိကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက်ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးဌာန ဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ်ရှိကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက်ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးဌာန ဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်




ဘူးသီးတောင် ၊ ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိကျောင်းသား/ ကျောင်း သူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျန်အေးဦးဆောင်၍ဌာနဆိုင်ရာဝန်ထမ်းများ၊အမျိုး သမီးရေးရာအဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် (ရး၀၀)နာရီအချိန်ကအမှတ် ( ၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌စုပေါင်းသန့်ရှင်းရေးများဆောင် ရွက်ခဲ့ကြသည်။

 အဆိုပါစုပေါင်းသန့်ရှင်းရေးရှင်းလင်းဆောင် ရွက်မှုကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှအနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှတ်( ၁) အခြေခံပညာအထက် တန်းကျောင်းရှေ့ရှိကားလမ်းဘေးဝဲယာတို့၌အမှိုတ်သရိုက်များရှင်းလင်းခြင်း၊ပလပ်စတစ်အိတ်ခွံများ၊ သစ်ခြောက် သစ်ရွက်များနှင့် ခြုံနွယ် မြက်ပင်များအားစုပေါင်း ခုတ်ထွင်ရှင်းလင်းကြပြီး၊ စည်ပင် သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ် တကျ စွန့်ပစ်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုအပတ်စဉ် (စနေ) နေ့တိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)