လူသားတွေရဲ့အသက်ကိုကယ်တင်ပေးနိုင်မဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ အခုလို ထူးချွန် အောင်မြင်အောင်ကြိုးစားခဲ့ပါတယ်ဆိုတဲ့ ဘိုကလေးမြို့က (၆)ဘာသာ ဂုဏ်ထူးရှင် မဆုပြည့်စုံထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူသားတွေရဲ့အသက်ကိုကယ်တင်ပေးနိုင်မဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ အခုလို ထူးချွန် အောင်မြင်အောင်ကြိုးစားခဲ့ပါတယ်ဆိုတဲ့ ဘိုကလေးမြို့က (၆)ဘာသာ ဂုဏ်ထူးရှင် မဆုပြည့်စုံထွန်း


MNP ၊ ဇွန် ၁၈

 မင်္ဂလာပါရှင်၊ သမီးကတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဧရာဝတီ တိုင်းဒေသကြီး တစ်ခုလုံး သိပ္ပံဘာသာတွဲ ဒုတိယအမှတ်အများဆုံးအဆင့်နဲ့အောင်မြင်ခဲ့တဲ့  အထက(၁)၊ ဘိုကလေးမြို့မှ  (၆)ဘာသာဂုဏ်ထူးရှင် မဆုပြည့်စုံထွန်း  ဖြစ်ပါတယ်ရှင့်။

 သမီးကတော့ ငယ်စဉ်ကတည်းကတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပြီး လူသားတွေရဲ့အသက်ကိုကယ်တင်ပေးနိုင်မဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ အခုလို ထူးချွန် အောင်မြင်အောင်ကြိုးစားခဲ့ပါတယ်ရှင်။ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တာ ကြောင့် စတုတ္ထတန်းမှာ အခြေခံပညာအလယ်တန်းအဆင့် ပညာသင်ဆုကိုရရှိခဲ့ပါတယ်။၂၀၁၈ခုနှစ် တိုင်းဒေသကြီး အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ တိုင်းအဆင့် ပထမဆုကို ရရှိခဲ့ပါတယ်ရှင့်။၂၀၁၉-၂၀၂၀ခုနှစ် တွေမှာ လည်း လူရည်ချွန်ဆုကို ရရှိပြီး နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ခဲ့ပါတယ်။အခုလိုတက္ကသိုလ်ဝင်တန်း ရောက်ရှိတဲ့အခါမှာလည်း ကိုယ်ရဲ့ရည်မှန်းချက်အတိုင်းဖြစ်လာအောင် အမှတ်ကောင်းကောင်းနဲ့(၆)ဘာသာ ဂုဏ်ထူးနဲ့အောင်မြင် ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကြိုးစားခဲ့ပါတယ်ရှင့်။

 အခုလိုအောင်မြင်ဖို့ အတွက် စာကိုနေ့စဉ်လုပ်ဖြစ်ပါတယ်၊ အချိန်ဇယားတော့မထားပါဘူး၊ စာကိုဖတ် တဲ့အခါမှာ အာရုံစူးစိုက်ပြီးဖတ်ခဲ့ပါတယ်ရှင့်၊ တစ်နေ့စာတစ်နေ့ အကြွေးမထားဘဲ ပုံမှန်လေ့လာကျက်မှတ် ခဲ့ပါတယ်ရှင့်။ ကျောင်းမှာကျင်းပတဲ့ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် စာမေးပွဲတွေမှာ လည်းသေသေချာချာဖြေဆိုခဲ့ပါတယ်ရှင်။ အဲဒီစာမေးပွဲတွေကရတဲ့ အမှားတွေကို သင်ခန်းစာယူပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲမှာ အကောင်းဆုံးဖြစ်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်ရှင့်။ အောင်စာရင်းထွက်လာတဲ့အခါမှာ လည်း ကြိုးစားပြီးမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။ 

အခု ထူးချွန်စွာ အောင်မြင်အောင်သင်ကြားပေးခဲ့တဲ့ဆရာ/မများ၊ သမီးကိုသူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အဆင့်ဆင့် ပညာသင်ကြားပေးခဲ့တဲ့ အမက(ဓမ္မာရုံ) နဲ့၊ အထက(၁)မှ ဆရာ/မများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်၊ လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

နောင်လာမည့်မောင်လေး၊ ညီမလေးတွေအတွက်ကတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိမိတို့ရဲ့ တစ်နှစ်တာကြိုးစားအားထုတ်မှုတွေကို အလဟဿ မဖြစ်စေဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်အောင်ကြိုးစားကြပါလို့ ပြောကြားပါရစေရှင့်။


We Love Bogalay မှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)