ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းဆံ စိုက်ပျိုးမှု များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းဆံ စိုက်ပျိုးမှု များပြား



MNP - ဇွန်   ၂၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးမှု ယခင်နှစ်ကထက်များပြားကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး ထံမှ သိရသည်။


“အရင်နှစ်ပြောင်းဆံကို ကိုးရာတစ်ထောင်ကျပ်နဲ့ရောင်းရတော့ အရင်နှစ်တွေထက်ပိုရတယ် ဒီနှစ်လည်း အစေ့ထုတ်ပြောင်းဆံဈေး မကျလောက်ဘူးထင်တယ် ဒါကြောင့် ယခင်နှစ်ကထက် ဧကပိုစိုက်ဖြစ်ပါတယ် ယခင်နှစ်က ၅ ဧကလောက်စိုက်တယ် ယခုနှစ်တော့ ၈ ဧကထိ တိုးစိုက်ဖြစ်ပါတယ်” ဟု ထီးကျေးရွာမှ ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း အစားထိုးဖွံ့ဖြိုးရေးသီးနှံအဖြစ် ပြောင်းကို စိုက်ပျိုးလျက်ရှိပြီး ပြောင်းစိုက်ဧကတစ်ကျော်ရှိကြောင်းသိရသည်။


ပင်လောင်းမြို့နယ်အတွင်းတွင် ပြောင်းဆံမျိုး ၈၀၈၊ ၁၁၂၊ ၆၂၅၊ ၅၀၅၉ စသည့်ပြောင်းဆံ မျိုးများကို စိုက်ပျိုးကြပြီး အဆိုပါပြောင်းဆံများတွင် ၈၀၈ မျိုးကို အများဆုံးစိုက်ပျိုးကြသည်။ “ဒီနှစ်ပြောင်းဈေးကောင်းနေပြီး နောင်နှစ်ပြောင်းထွက်ချိန် ရောက်ရင်လည်း ပြောင်းဈေးကောင်းဖို့ မျှော်လင့်ပါတယ် ယခင်နှစ်ကထက် ပြောင်းပိုစိုက်ထားတာလည်းပါတယ် စိုက်ပျိုးရေးစရိတ် မြင့်တက်တာလည်းပါတာပေါ့” ဟု အဆိုပါ ပြောင်းစိုက်တောင်သူတစ်ဦးက ဆက်ပြောသည်။


သတင်း - ခွန်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)