သထုံခရိုင်ရုံးတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ရုံးတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးများပျော်ရွှင်စရာ အစီအစဉ်များ ပြုလုပ်





MNP - ဇွန်  ၁၉


မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် ကလေးများပျော်ရွှင်စရာအစီအစဉ်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့် တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


ကလေးများပျော်ရွှင်ဖွယ်ရာအစီအစဉ်များ ကျင်းပရာတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့က စကားပုံဆက်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ခါးကွင်းလှည့်ခြင်း၊ ဂိမ်းများကစားခြင်း၊ စာဖတ်စွမ်းရည်ယှဉ်ပြိုင်းခြင်း စသည်တို့ကို တပျော်တပါးပါဝင်ကစားခဲ့ကြပြီး သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။


သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးများအသိပညာတိုးပွားပြီး ဉာဏ်ရည်မြင့်မားရေး၊ ကျန်းမာကြံ့ခိုင်ပြီး အနာဂတ်၏ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးတို့အတွက် ယခုကဲ့သို့ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များ၊ အသိပညာပေးဟောပြောခြင်းများ၊ စာအုပ်စာစောင်ပြသခြင်းများ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲများတို့ကို လစဉ်ပုံမှန် စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)