အသက်မွေးဝမ်းကျောင်းပညာသင်တန်း(Vocation Education Training)(၂/၂၀၂၂) သင်တန်းဆင်းပွဲနှင့် (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်မွေးဝမ်းကျောင်းပညာသင်တန်း(Vocation Education Training)(၂/၂၀၂၂) သင်တန်းဆင်းပွဲနှင့် (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ





MNP - ဇွန်  ၁၉


မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့‎ရေနံနှင့် သဘာဝဓာတ်‎ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မ‎ကွေး တိုင်းဒေသကြီး)တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training)အဖြစ်   သစ်သီးဝလံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ဖျော်ရည် နှင့်ယိုအမျိုးမျိုးထုတ်လုပ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားနှင့်  (၃/၂၀၂၂)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေ လုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသက်မွေးဝမ်းကျောင်းပညာသင်တန်း (Vocation Education Training ) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ယင်းနောက်ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာက အသက်မွေးဝမ်းကြောင်းပညာသင်တန်း (Vocation Education Training)အဖြစ် သစ်သီးဝလံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ဖျော်ရည်နှင့်ယိုအမျိုးမျိုးထုတ်လုပ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့် သစ်သီးဝလံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ဖျော်ရည်နှင့်ယိုအမျိုး မျိုး ထုတ်လုပ်နည်းသင်တန်း (၃/၂၀၂၂) သင်တန်း ဖွင့်လှစ်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် "ယခုလို သင်တန်းအား ဆင်းပွဲနှင့်ဖွင့်ပွဲပေါင်းလုပ်ရခြင်းမှာ သင်တန်းတက်ရောက်ပြီးသူများ၏ အတွေ့အကြုံများအား နောက်တက်‎ရောက်မည့် သင်တန်းသားများမှ မေးမြန်းနိုင်ရန်နှင့် သင်တန်းတစ်မျိုးအား နှစ်ကြိမ်ဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းအား ငွေကုန်ကြေးကျခံ၊ အချိန်ကုန်ခံပေးပြီးဆောင်ရွက်ရသည့်အတွက် သင်တန်း သားများအနေဖြင့် သင်တန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ဒေသထွက်သီးနှံများအသုံးပြုပြီး အတွေး‎အခေါ်‎ကောင်းဖြင့် ကိုယ်ပိုင်စီးပွားရေး၊ တစ်နိုင်တစ်ပိုင်စီးပွားရေးများကို သားစုအဆင့် မှစတင်ပြီးအသေးစားထုတ်ကုန်မှအောင်မြင်သည့် လုပ်ငန်းရှင်များအဖြစ်တက်လှမ်းပြီး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်သူများဖြစ်အောင်ကြိုးစားကြရန်"ပြောကြားခဲ့သည်။ ထို့နောက်ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာနှင့်တာဝန်ရှိသူတို့မှသင်တန်းသား/သင်တန်းသူများအားသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းကာလအတွင်းစိတ်ဝင်တစားပါဝင်ဆောင်ရွက်ခဲ့သော သင်တန်းသား/သူ(၃)ဦးအားအမှတ်တရ လုပ်ငန်းသုံးပစ္စည်း လက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ‎ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများအား အမှတ်တရလက်ဆာင်ပစ္စည်းများပေးအပ်ခြင်း၊က်‎ရောက်လာသည့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများအားဒေသထွက်ကုန်ဖြင့် ပြုလုပ်ထားသည့်အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးတာဝန်ရှိသူများနှင့်သင်တန်းသား/သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓါတ် ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။


အသက်မွေးဝမ်းကျောင်းပညာသင်တန်း(Vocation Education Training)(၃/၂၀၂၂) သင်တန်းကို ဇွန်လ (၂၁)ရက်‎နေ့မှ ဇွန်လ(၂၇)ရက်‎နေ့အထိ နံနက်(၈) နာရီမှ နံနက်(၁၁) နာရီခွဲထိ၊ နေ့လယ်(၁)နာရီမှည‎နေ(၄)နာရီအထိ သင်တန်းသား/သူ(၂၁)ဦးဖြင့် စရိတ်ငြိမ်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး (၂/၂၀၂၂)သင်တန်းတွင် အသီးအနှံများမှဖျော်ရည်၊ယိုမျိုးစုံ အမျိုးမျိုးထုတ်လုပ်နည်း(၂၁)မျိုးသင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွက် အသက်‎မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ရန်အတွက်လျာထားချက်ငွေကျပ်သိန်း(၁၀၀)လျာထားကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများလည်းဆက်လက် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်း တစ်ကြိမ်အား ငွေကျပ် (၁၀)သိန်းမှ (၁၅)သိန်းကြား ကုန်ကျခံဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)