သရက်မြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ဗီဒီယိုလုပ်ငန်းမှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေး

 




MNP - ဇွန်   ၁၇


မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/ မရှိ စစ်ဆေးခြင်းများအား သရက်မြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင်  ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်း ရှင်များ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန်လိုင်စင် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ/နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယို တိတ်ခွေများ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်းရှိ/မရှိ၊ တရားမဝင် ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေလွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံးပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ/ ပြောင်းရွေ့ခြင်း ရှိ/ မရှိ တို့အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)