ကင်မွန်းတော်ရွာကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုန်းချ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်မွန်းတော်ရွာကို PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုန်းချ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရ


MNP ၊ ဇွန် ၁၇

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာ သို့ PDF အစွန်းရောက် အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံး(၃) လုံးချ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အသုံးပြုသည့် ဒရုန်းကို ပြည်သူ့စစ်အဖွဲ့ ဝင်များက ပစ်ချရယူနိုင်ခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက "ဒီနေ့ ဒရုန်းနဲ့ ဗုန်း သုံးလုံးချတာပေါ့။ ၂လုံးက ပေါက်ကွဲတယ်။ ၁လုံးကတော့ မပေါက်ကွဲဘူး။ အကြမ်းဖက်သမားတွေက ဒရုန်း ၂စင်း အသုံးပြုတယ်။ ဗုန်းလာချတဲ့ ဒရုန်းကို ဝိုင်းပစ်ချနိုင်ခဲ့ပါတယ်။ ဗုံးမပါတဲ့ ဒရုန်း လိုက်ပြီး မှတ်တမ်းတင်တဲ့ ကောင် နေမှာပေါ့ဗျာ။ အဲဒီ ဒရုန်းတစ်စင်းကတော့ ပစ်ချလို့ မရလိုက်ဘူး။ အရင်က ဗုံးလာလာ ချနေတာလည်း ဒီဒရုန်းပဲ။" ဟု ပြောသည်။

အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံးလာချရော ၂လုံး ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာ၏ ပတ်လည်တွင် နိုင်ငံရေးအစွန်းရောက် PDF အကြမ်းဖက်သမားများက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံနှင့် လုပ်ဆောင်လျက်ရှိပြီး အပြစ်မဲ့ ကင်းမွန်တော်ရွာသားများကို အကြိမ်ကြိမ် လုပ်ကြံသတ်ဖြတ်၊ မိုင်းစွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၃၈ ဦး အထိ သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)