MNP ၊ ဇူလိူင် ၁၈
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊အထက(ကန်သာယာ)ကျောင်း မဟော် သဓာ ခန်းမ၌ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ၊စာစီစာကုံးပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အထက (ကန်သာယာ) ကျောင်းအုပ် ဆရာကြီး ဦးဝင်းသူက အာဇာနည်နေ့အကြို ဟောပြောပွဲ ပြုလုပ်ပေးရခြင်း ၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းပြ ဆရာမ ဒေါ်ရတနာခင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်း ဆောင်ကြီးများအကြောင်း ၊ အာဇာနည် ခေါင်းဆောင်ကြီးများ ၏ လွတ် လပ်ရေးရရှိရေး ကြိုးစားဆောင်ရွက်မှု များကိုဟောပြောခဲ့သည်။
ဆက်လက်၍ အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း အဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲနှင့် မူလ တန်း အဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲ တို့တွင် ပထမ၊ဒုတိယနှင့် တတိယဆု ရရှိကြသောကျောင်းသား၊ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီး နှင့် တာဝန်ရှိသူအသီးသီးတို့ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost




No comments:
Post a Comment