ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှအောက်စီဂျင်များ ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှအောက်စီဂျင်များ ဖြန့်ဝေပေး

 


MNP - ဇူလိုင်   ၁၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချပေးသော Containor Oxygen Plant စက်ကြီးဖြင့် ထုတ်လုပ်ရာတွင်၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လထိ 40L (၁၉၂)လုံး၊ 15L (၁၁၁)လုံး၊ 10L (၁၂)လုံး စုစုပေါင်း (၃၁၅)လုံး ထုတ်လုပ်နိုင်ခဲ့ပါသည်။


ထုတ်လုပ်ပြီးအောက်ဆီဂျင်အိုးများအား အကူအညီလိုအပ်သူများ၊ ဆေးရုံသို့ကုသမှုခံယူသူ များအားလည်းကောင်း၊ နမ့်ဆန်အောက်ဆီဂျင် စေတနာ့လုပ်အားရှင် လူငယ်များနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များမှတဆင့် ရပ်ကွက်/ကျေးရွာရှိ အောက်ဆီဂျင်အကူအညီ လိုအပ်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း (Oxygen Plant) ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးခင်မောင်ထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)