MNP ၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့၌ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့်တွင် “မမေ့နိုင်ပြီ အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၃) ဦးကလည်းကောင်း၊ အလယ်တန်း အဆင့်တွင် “အာဇာနည်နေ့နှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၃၇)ဦးက လည်းကောင်း၊ အထက်တန်းအဆင့်တွင် “အာဇာနည်နေ့အခြေတည် ရွှေပြည်သစ်ဆီလှမ်းကြမည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးကလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment