MNP ၊ ဇူလိုင် ၁၃
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ Community Centre ခန်းမတွင် ယနေ့နေ့လယ်(၁၂) နာရီအချိန်က (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်း အမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊စာအုပ်/ စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကိုကျင်းပပြုလုပ်သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့ အ ထိမ်းအမှတ်ဟောပြောပွဲတွင် မြေပုံမြို့နယ်ရုံး၊ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအ ရာရှိ ဒေါ်ခင်သီရိဟေမာန်က ရှေးဦးစွာ အာဇာနည်ခေါင်ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သောသိသင့်သိထိုက်သည့် အကြောင်းအရာများအားအတုယူတက် စေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူလေးများအားဟောပြောပွဲကိုကျင်းပပြု လုပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဦးသီးမြကစာအုပ်စာစောင်ပြပွဲကိုခင်းကျင်းပြသခဲ့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏မှတ် တမ်းဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းများအား ကျောင်းသား/ သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment