MNP ၊ ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က သာသနာ့ဗိမာန်တော်ကြီးတွင်ကိန်းဝပ်စံပယ်တော်မူသောဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးအား ရွှေကြာ သင်္ကန်းနှင့် ပန်း၊ ရေချမ်း၊ ဆီးမီး၊ ဆွမ်း၊ သစ်သီးများဆက်ကပ်လှူဒါန်းပူဇော်သည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသည့် ဖိတ်ကြားထားသောဧည့်သည်တော်များ က"နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်ပဓာနနာယက ၊ နိုင်ငံတော် ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က သာသနာရေးဆိုင်ရာများလျှောက်ထားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဆရာတော်သံဃာတော် အရှင်သူမြတ်များ အား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက်ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ထံမှ လှူဒါန်းမှု အစုစုအတွက်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment