MNP ၊ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အမှတ် (၁၅)ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများကွင်းဆင်းကောက်ယူဆောင်ရွက်ခြင်းကို ဇူလိုင်လ (၁၃)ရက်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါရပ်ကွက်အတွင်းစတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အမှတ် (၁၅) ရပ်ကွက်သို့ Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ Software Program ရေးသွင်းနိုင်ရေးအတွက် အိမ်ထောင်စု၊ လူဦးရေစာရင်းများ၊ မှန်ကန်စေရန်အတွက် Door to Door အဖြစ်ဆောင်ရွက်ရာတွင်သေဆုံးသူများပယ်ဖျက်၍ မွေးဖွားသူများကိုမွေးတိုးစာရင်းဆောင်ရွက်ခြင်း၊သေဆုံးသူများကိုစာရင်းမှပယ်ထုတ်ခြင်း၊အကွက်အပေါက်တိုက်ဆိုင်စစ်ဆေးခြင်းကိုအမှတ်( ၁၅)ရပ်ကွက်အတွင်းလိုက်လံစစ်ဆေးကြသည်။
ဆက်လက်၍ ကျန်ရှိသောရပ်ကွက်/ ကျေးရွာများသို့လည်း နေ့ရက်အလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment