MNP - ဇူလိုင် ၁၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုအခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ယနေ့နံနက် (၉) နာရီမှစတင်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၄၈) အခြေခံပညာမူလတန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် အခြေခံပညာ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး၊ ကျောင်းကျန်းမာရေးဆရာဝန်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုပြီး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ အမှတ်(၄၈) အခြေခံပညာမူလတန်းကျောင်းရှိအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ ဒုတိယအကြိမ် (၁၁၇) ဦးကို မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအရောက် ဆေးထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - လှိုင်သာယာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment