သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 




MNP - ဇူလိုင်  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ‌ခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ မိုးရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။


ထို့နောက် သာပေါင်းမြို့နယ်တွင် U-16 အမျိုးသား ဘောလုံး၊U-18 အမျိုးသမီး ဘောလုံး၊ပြေးခုန်ပစ် သင်တန်းဖွင့်လှစ် လေ့ကျင့်သင်ကြားပေးခဲ့ကြသော နည်းပြဆရာ ဦးဟိန်းထက်စိုးနှင့်‌ ဦးကျော်စွာလင်းတို့နှင့်U-16 အမျိုးသား ဘောလုံးကစားသမား(၄၄)ဦး၊U-18 အမျိုးသမီး ဘောလုံးကစားသမား(၄၀)ဦး၊ ပြေးခုန်ပစ်အမျိုးသမီး ကစားသမား(၁၃)ဦးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်အားကစားမှူး ဒေါ်နီလာဝင်းနှင့် ဌာနဆိုင်ရာများမှ သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)