MNP ၊ ဇူလိုင် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများမှ အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဒုတိယအကြိမ်မြောက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူများကို ဆရာ၊ ဆရာမများမှ စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေး ခြင်းများဆောင်ရွက်ပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်းများဆောင် ရွက်ကာ ကိုဗစ်ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၁၇၀၂)ဦးအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ကာ ယနေ့တွင် ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment