ကော့သောင်းမြို့ ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့ ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

 


MNP - ဇူလိုင်  ၁၈


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရပ်ကွက်များအတွင်း အသက်(၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်မှ ကလေးငယ်(၉၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်အောက် (၅)နှစ်မှ (၁၅)နှစ်အရွယ် ကျောင်းမနေသည့် ရပ်ကွက်အတွင်း ကလေးငယ်များအား ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ကျောင်းမနေသည့် ကလေးငယ်များအား သတ်မှတ်ရက်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်း ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)