မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး၏ စီမံချက်လုပ်ငန်းစဉ်များ တင်ပြညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး၏ စီမံချက်လုပ်ငန်းစဉ်များ တင်ပြညှိနှိုင်းဆွေးနွေး



MNP - ဇူလိုင်   ၁၇


မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချင်အထူးစီမံချက်ရုံး၏ စီမံချက်လုပ်ငန်းစဉ်များ တင်ပြညှိနှိုင်းဆွေးနွေးပွဲကို မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ လယ်(၁)နာရီတွင် ကျင်းပခဲ့သည်။


ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြား၍ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီး၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်စန်းမော် ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်တာများ ကိုရှင်းလင်းဆွေးနွေးပြီး စီမံချက်မန်နေဂျာ ဒေါက်တာကျော်ဖြိုးဟိန်းက ကချင်အထူးစီမံချက်ရုံး၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်များ ကြိုတင်ညှိနှိုင်းဆွေးနွေးကြသည်။


ကချင်ပြည်နယ်တွင် ကြက်ခြေနီစီမံချက်အရ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးမောက်၊ ဗန်းမော်နှင့် ပူတာအို စသည့်(၅)မြို့နယ်ရှိပြီး (၁)မြို့နယ်လျှင် (၁)ရွာစီရွေးခွင့်ရှိရာ မိုးကောင်းမြို့နယ်အနေဖြင့် လွှဲလောကျေးရွာကို ရွေးချယ်ထားကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)