ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းနယ်စပ်ဂိတ်မှပြန်လည်ဝင်ရောက်လာသည့်မြန်မာရွေ့ပြောင်း အလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

 




MNP - ဇူလိုင်  ၁၇


နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၅ ဦး ၊ အမျိုးသမီး ၅၃ဦး၊ စုစုပေါင်း အလုပ်သမား (၁၆၈)ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့ အစည်းများ ထံသို့   ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။


အဆိုပါ မြန်မာအလုပ်သမားများမှာကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများပါဝင် လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေး ခဲ့ကြသည်။


ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ်ဘိုစတာ ထပ်ဆောင်းထိုးနှံပေးပြီး မိမိတို့နေရပ် အသီးသီးသို့ ချက်ခြင်း ပို့ဆောင် ပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာ ထိုးနှံထားသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသားအမျိုးသမီး သီးခြားစီခွဲခြားထားရှိအထူးကြပ်မတ်ကာ (၃)ရက် အသွားအလာကန့် သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး  ရောဂါပိုးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)