မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပခြင်း အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဒုတိယအကြိမ်ကျင်းပခြင်း အခမ်းအနားသို့တက်ရောက်




MNP - ဇူလိုင်  ၁၇


မကွေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတ မှန်ကန်စေရေး ဂေဟစနစ်ထိန်းညှိရေး၊ ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မကွေးဆေးတက္ကသိုလ် ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆေးတက္ကသိုလ်(မကွေး)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက် ခဲ့ပြီး စုပေါင်း၍ တမာပင်များ စိုက်ပျိုးခဲ့ကြသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲများ ကျင်းပလျက်ရှိရာ စုစုပေါင်းပျိုးပင်ပေါင်း(၃)သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ကုစားရာတွင် ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကောင်းဆုံး နည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝသစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာ အနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် တမာပျိုးပင်(၃)သိန်းခွဲ ကျော်ခန့် ပျိုးထောင်ထားပြီး ယခုအချိန်အထိ တမာပင်(၆)သောင်းကျော်ခန့် စိုက်ပျိုးပြီဖြစ်သည့်အပြင် ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင် ကာကွယ်တောအတွင်း စံပြတမာစိုက်ခင်း (၁၀၀)ဧကကို စိုက်ပျိုးသွား မည်ဟု သိရှိရပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် အပင်များရှင်သန်ကာ ရာသီဥတု ကောင်းမွန်စေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။


ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် တမာပျိုးပင်များအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှုးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတို့မှ အသီးသီးပေးအပ်ကာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ တမာပျိုးပင်များ စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများမှ ပျိုးပင်များစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ 


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာပျိုးပင်(၄၅၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ(၁၉)ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(၇)ပွဲနှင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများတွင် စုစုပေါင်း စိုက်ပျိုးပင်(၃)သန်းကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)