MNP - ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၉၂၃) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင်စတင်တည်ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ခုနှစ်ကျောင်းမှ သံဃာတော် အပါးတစ်ရာကျော် အားအရုဏ်ဆွမ်းများ နေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အကြိမ်ရေ ၄၉၂၃ ကြိမ်အဖြစ် ဘူတာရပ်ကွက်နေ ဦးမောင်သန်း ၇၀နှစ်ပြည့်မွေးနေ့အလှူနှင့် ကိုအောင်ကျော်ဆန်း+မချစ်နှောင်းဟန်(သား) မောင်ခေတ်ဘုဏ်းခ ၃လပြည့်မွေးနေ့ အလှူမြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင် ရပ်နီး၊ ရပ်ဝေးမှ လှူဒါန်းလိုသူများမှလည်းပင်မအလှူရှင်အဖြစ် တစ်ရက်တာအရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ရှစ်သောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှ လောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment