ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌန(Community Centre)ခန်းမ၌ လုပ်ငန်းဆောင်ရွက်ရာတွင်လျှင်မြန်မှန် ကန်စွာဆောင်ရွက်နိုင်ရန်အတွက်သတ် မှတ်ထားသည့်လုပ်ငန်းစနစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌန(Community Centre)ခန်းမ၌ လုပ်ငန်းဆောင်ရွက်ရာတွင်လျှင်မြန်မှန် ကန်စွာဆောင်ရွက်နိုင်ရန်အတွက်သတ် မှတ်ထားသည့်လုပ်ငန်းစနစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊ ဇူလိုင် ၁၈ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန

(Community Centre) ခန်းမ၌ ယနေ့ ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများက စာဖတ်ချိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင်က လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့်လုပ်ငန်းစနစ်များစာအုပ်ဖြင့်စာဖတ် ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းများပြောင်းရွှေ့ခြင်း၊ ဝန်ထမ်းအသစ်ခန်းထားရေးတောင်းခံခြင်း ခေါင်းစဉ်ပါအ ချက်အလက်များအားဖတ်ကြားဆွေးနွေးခဲ့သည်။ 

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် မှတ်သားမှုစနစ် ခေါင်းစဉ်ပါအချက်အလက်များအားဆွေးနွေးဖတ်ကြားခဲ့ပြီး ဦးအောင်သိန်းဝေ (ရုပ်သံကျွမ်းကျင်-၃)က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသရမည့်အချက်များနှင့် ပြဘုတ်ပြသရာတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များခေါင်းပါအချက်အလက်များအားဖတ်ကြားဆွေးနွေးခဲ့ကြောင်းသိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)