MNP - သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးတစ်ဧက တင်း (၁၀၀) ထွက်ရှိရေး ဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်က မိုးစပါးတစ်ဧက တင်း(၁၀၀) ထွက်ရှိရေးအတွက် မြန်အောင်မြို့နယ်တွင် ဧက (၁၀၀) ဆောင်ရွက်မည့် တောင်သူများအား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သော သွင်းအားစုများကို လယ်မြေအတွင်း စနစ်တကျ ထည့်သွင်းအသုံးပြု ကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဦးစီးမှူး များက မြန်အောင်မြို့နယ် တာခွတဲကြီးကုန်းကျေးရွာ အုပ်စုမှ မိုးစပါး တစ်ဧက တင်း (၁၀၀) ထွက်ရှိရေး ဆောင်ရွက်မည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းဗိုလ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment