MNP - ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရေနံတောင် (အ ထ က)ကျောင်း ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံမှု လွှမ်းခြုံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများကို သက်ဆိုင်ရာကျန်းမာရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ရေနံတောင်(အ ထ က)ကျောင်းမှ ကျောင်းသား/သူ (၄၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို (ဒုတိယအကြိမ်) ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်း ဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမများမှ စောင့်ကြပ် ဆောင်ရွက်ပေးကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment